Related items
Showing items related by metadata.
-
Book (series)တာဝန််ယူူမှုုရှိိသောာ မြေယာစီီမံံ အုပ််ချုပ််မှုုနှင့် ဥပဒေ 2021အကြီးစားမြေသိမ်းယူခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး လိုအပ်ချက်တို့နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ရန် ဤနည်းပညာဆိုင်ရာလမ်းညွှန်ချက်ကို ရေးသားပြုစုခဲ့ပါသည်။ နိုင်ငံတော်အဆင့် အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာ၊ ငါးလုပ်ငန်းနှင့်သစ်တောများလုပ်ပိုင်ခွင့်ကို တာဝန်ယူစီမံအုပ်ချုပ်ခြင်းနှင့်ဆိုင်ရာ မိမိဆန္ဒ အလျောက်လိုက်နာနိုင်သော လမ်းညွှန်ချက်များနှင့်အညီ မြေယာ ရင်းနှီးမြုပ်နှံမှုအပါအဝင် စိုက်ပျိုး ရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု အခြေအနေတွင် မြေယာပိုင်ဆိုင်ခွင့်ကို မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်သင့်သည်ဟူသော စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စအဝဝအား မည်သို့ဆောင်ရွက်သင့်သည်ကို ဤလမ်း ညွှန်စာအုပ်မှ ကူညီပံ့ပိုးပြသပေးပါသည်။ ရင်းနှီးမြှုပ်နှံမှုစက်ဝန်းတွင်းရှိ အဆင့်အားလုံးရှိ ကို ထိန်းသိမ်းခြင်း၊ အတည် ပြုခွင့်ပြုပေးခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ် ငန်းများတွင် ပါဝင်ဆောင်ရွက်ကြသော အစိုးရအာဏာပိုင်များအတွက် နည်းပညာဆိုင်ရာ ထပ်ဆောင်း လမ်းညွှန်ချက်အဖြစ်လည်း ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ ဤလမ်းညွှန်စာအုပ်သည် ၂၀၁၄ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကော်မတီ (CFS) (CFS 2014) မှ အတည်ပြုထောက်ခံချက်ပေးသော စိုက်ပျိုးရေးနှင့်အစားအသောက်စနစ်များအား တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု အကောင်အထည် ဖော်ရာတွင် လိုက်နာရမည့် စည်းမျဉ်းများအတွက်ရည်ညွှန်း ကိုးကားစရာ တစ်ခုအဖြစ်လည်းဆောင်ရွက်ပေးပါသည်။
-
Book (series)မြေမ်းအုသုံးးု ချျစာမ်းီ းကိနိ းမြေဆွဲမြေဲ လုပးငနးစာဉ်းမ်းျာတွငဲးအုမ်းျာ ပည်းးသုံး၏ူ အုချနးကိဏ္ဍကိုိ မ်းှငး် တွငးမြေဆွဲာငးကိွ းချငး
မြေယာ၊ ငါးလုပ်ငန်းနှင့်သစ်တောလုပ်ငန်းများ အသုံးချလုပ်ကိုင်ရာတွင် လူမှုရေးဦးစားပေး အချက်များကို ဟန်ချက် ညီစေရန် စည်းမျဉ်းစည်းကမ်းရှိသော အနေအထားအကွာအဝေးချမှတ်ခြင်း စီမံကိန်းနှင့် မြေယာဆိုင်ရာ နည်းပညာလမ်းညွှန်ချက်
2020Also available in:
မြေယာလုပ်ပိုင်ခွင့်ဆိုင်ရာဆုံးဖြတ်ချက်ချမှတ်ခြင်း။ –မြေယာ၊ ငါးလုပ်ငန်းနှင့်သစ်တောတို့ကို မည်သူကလုပ်ပိုင်ခွင့် ရရှိ သည်၊ မည်မျှကြာကြာ၊ မည်သည့်အခြေအနေ အောက်တွင် လုပ်ပိုင်ခွင့်ရရှိသည် စသည့်အချက်တို့သည် လူများ ၏အသက်မွေးဝမ်းကြောင်းအတွက် အရေးကြီးသော အချက်အလက်များဖြစ်သည်။ အနေအထားအကွာအဝေးချမှတ်ခြင်း စီမံကိန်းလုပ်ငန်းစဉ်သည် ရရှိပိုင်ဆိုင်ခွင့်ရှိသူအသီးသီး၏ တရားဝင်မြေယာပိုင်ဆိုင်ခွင့်ကို သိသိသာသာ အကျိုးသက် ရောက်မှုရှိပြီး ရေရှည်တွင် အသက်မွေးဝမ်းကြောင်းပြုမှုအပေါ်တွင်ပါ သက်ရောက်မှုရှိ နိုင်သည်။ စည်းမျဉ်းစည်းကမ်းရှိသော အနေအထားအကွာအဝေးချမှတ်ခြင်း စီမံကိန်း နှင့်မြေယာနှင့် ပတ်သက်သော ဗဟုသုတ များပါသော ဤနည်းလမ်းပိုင်းဆိုင်ရာလမ်းညွှန်ချက်သည် အနေအထားအကွာအဝေးချမှတ်ခြင်း စီမံကိန်းလုပ်ငန်းစဉ် တရားဝင်မြေယာပိုင်ဆိုင်ခွင့်ကို အသိမှတ်ပြုခြင်း၏ အရေးပါမှုနှင့်ပတ်သက်သော နည်းလမ်းပိုင်းဆိုင်ရာ လမ်းညွှန်ချက် များကို ပံ့ပိုးပေးသည်။ ပြည်သူများ၏ အခန်းကဏ္ဍအား ပိုမိုအားကောင်းလာစေခြင်းသည် ပြည်သူများ၏ မြေယာပိုင်ဆိုင်ခွင့်၊ ငါးလုပ်ငန်းလုပ်ခွင့်နှင့်သစ်တော လုပ်ငန်းလုပ်ကိုင်ခွင့်တို့အပေါ် ထည့်သွင်းစဉ်းစားလျက် အနေအထားအကွာအဝေးချမှတ်ခြင်း စီမံကိန်းရည်ရွယ်ချက်များ အကောင်အထည် ဖော်ခြင်းဆိုင်ရာ လက်တွေ့ကျသော စိန်ခေါ်မှုများကို ဖြေရှင်းပေးပါသည်။ နည်းလမ်းပိုင်းဆိုင်ရာလမ်းညွှန်ချက်စာအုပ်တွင် ထိခိုက် လွယ်ပြီးဖယ်ကျဥ်ခံအသိုင်းအဝိုင်းအားအလေးထားလျက် တစ်ဦး ချင်းစီနှင့်အဖွဲ့အစည်းများကို ရပိုင်ခွင့်ရှိသူများအဖြစ် ရှုမြင်ရန် လူ့အခွင့်အရေးအခြေခံသော အနေအထားအကွာအဝေး သတ်မှတ်ခြင်း စီမံကိန်းကို လိုအပ်ပြီး နိုင်ငံတော်ကိုလည်း လူ့အခွင့်အရေးကို လိုက်နာကျင့်သုံးရန် တာဝန်ရှိသူအဖြစ် ရှုမြင်ပါသည်။ သတင်းအချက်အလက်ရရှိခွင့်၊ အဓိပ္ပါယ်ပြည့်ဝသောပါဝင်ဆောင်ရွက်မှု၊ တာဝန်ယူခြင်း နှင့် တရားမျှတမှု ရရှိရေးတို့သည် လူ့အခွင့်အရေးကိုအခြေခံသော အနေအထားအကွာအဝေးသတ်မှတ်ခြင်း စီမံကိန်းတွင် မရှိမဖြစ်သော အစိတ်အပိုင်းများဖြစ်ပြီး နည်းလမ်းပိုင်းဆိုင်ရာလမ်းညွှန်ချက်စည်းမျဉ်းစည်းကမ်းနှင့်အညီ အနေအထားအကွာအဝေး သတ်မှတ်သည့် စီမံကိန်းအတွက် အချက်အချာကျပါသည်။ ထို့ကြောင့် ဤနည်းလမ်းပိုင်းဆိုင်ရာလမ်းညွှန်ချက်တွင် တင်ပြထားသော နည်းဗျူဟာများတွင် ယင်းအစိတ်အပိုင်းများကို အားကောင်းလာစေရန် ကြိုးပမ်းရပါမည်။ -
Book (series)မြေယာလုပ်ပိုင်ခွင့်ကို တန်ဖိုးဖြတ်သတ်မှတ်ခြင်း။
ဤလမ်းညွှန်စာအုပ်သည် အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာ၊ ငါးလုပ်ငန်းနှင့်သစ်တောများလုပ်ပိုင်ခွင့်ကို တာဝန်ယူစီမံအုပ်ချုပ်ခြင်းနှင့် ပတ်သက်၍ မိမိဆန္ဒ အလျောက်လိုက်နာနိုင်သော လမ်းညွှန်ချက်များ နှင့်အညီ မြေယာလုပ်ပိုင်ခွင့်ကို တန်ဖိုးဖြတ် သတ်မှတ်ခြင်းအက
2021ဤလမ်းညွှန်စာအုပ်တွင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် မြေယာပိုင်ဆိုင်ခွင့်ကို တန်ဖိုးဖြတ်ခြင်းနှင့် သတ်မှတ်ခြင်း များနှင့် ဆက်စပ်သော ပြဿနာရပ်များ ပါဝင်ပြီး နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော တရားမျှတပြီး၊ယုံကြည်စိတ်ချရသော ပွင့်လင်းမြင်သာမှုရှိသော အမူအကျင့်များဖြင့် တန်ဖိုးဖြတ်သတ်မှတ်ခြင်းကို မည်သို့ လုပ်ဆောင်ရမည် ဆိုသည့် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်ကို ပံ့ပိုးပေးပါသည်။ ယင်းသည် တန်ဖိုးဖြတ်ခြင်းက မည်မျှအရေးကြီး ကြောင်းရှင်းပြပြီး မည်သည့်နေရာနှင့်မည်သည့်အချိန်တွင် အသုံးချသင့်သည်၊ မည်သူကပြုလုပ်သင့်သည် စသော အချက်များကိုလည်းထည့်သွင်း ရှင်းလင်းတင်ပြထားပါသည်။ ဤစာအုပ်သည် မြေယာတန်ဖိုးဖြတ်ခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်တစ်အုပ်ဖြစ်ရန် မရည်ရွယ်ပါ။ သို့သော် မြေယာဆိုင်ရာမူဝါဒ ၊ အုပ်ချုပ်ရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နေရသောသူများနှင့် မြေယာပိုင်ဆိုင်ခွင့် ဆုံးဖြတ်ချက်များကြောင့် ခံစားသက်ရောက်မှုရှိနေသူများအကြား မြေယာ တန်ဖိုးဖြတ်သတ်မှတ်ခြင်း ပြဿနာ များနှင့် လုပ်ငန်းစဉ်များအား သတိပြုသိရှိ နားလည်မှု မြင့်မားရန်သာ ရည်ရွယ်ပါသည်။ ဤလမ်းညွှန်စာအုပ်သည် မြေယာအပေါ်တွင် အဓိကထားသော်လည်း ယင်းသည် ငါးလုပ်ငန်း၊သစ်တောလုပ်ငန်းနှင့် အခြားသဘာဝသယံဇာတအရင်းမြစ်များပါ အသုံးချနိုင်သော အသုံးဝင်သော နည်းလမ်းပိုင်းဆိုင်ရာ လမ်းညွှန်ချက်ကို လည်း ပံ့ပိုးပေးပါသည်။ ယင်းကို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် တန်ဖိုးဖြတ်သတ်မှတ် ခြင်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် အဖွဲ့အစည်းများအကြောင်း သိရှိနားလည်မှုနည်းပါသော အသွင်ကူးအပြောင်းနိုင်ငံ များအတွက် အဓိကအားဖြင့်ရည်ရွယ်ပါသည်။ ဓလေ့ထုံတမ်းအရ သို့မဟုတ် အလွတ်သဘောနှင့် တရားဝင်မဟုတ်သည့်မြေယာစနစ်များ ပါဝင်သည့်မြေယာပိုင်ဆိုင်ခွင့်များသည် ရှင်းလင်းမှုနည်းပါးပြီး တရားဥပဒေ သို့မဟုတ် စည်းမျဉ်းသတ်မှတ်ချက်များကလည်း တရားဝင်မဟုတ်ကြပါ။
Users also downloaded
Showing related downloaded files
No results found.