Thumbnail Image

အများပြည်သူဆိုင်ရာမြေယာ ဘုံပစ္စည်းများလုပ်ပိုင်ခွင့်ကို စီမံအုပ်ချုပ်ခြင်း

ဤလမ်းညွှန်စာအုပ်သည် အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာ၊ ငါးလုပ်ငန်းနှင့်သစ်တောများလုပ်ပိုင်ခွင့်ကို တာဝန်ယူစီမံအုပ်ချုပ်ခြင်းနှင့် ပတ်သက်၍ မိမိဆန္ဒ အလျောက်လိုက်နာနိုင်သော လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ပေးရန် ရည်ရွယ်ပါသည်။













Beckh, C., Gärtner, E., Rauch, T., Bleeser, I., Weigelt, J. and Müller, A. 2021. အများပြည်သူဆိုင်ရာမြေယာ ဘုံပစ္စည်းများလုပ်ပိုင်ခွင့်ကို စီမံအုပ်ချုပ်ခြင်း ဤလမ်းညွှန်စာအုပ်သည် အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာ၊ ငါးလုပ်ငန်းနှင့်သစ်တောများလုပ်ပိုင်ခွင့်ကို တာဝန်ယူစီမံအုပ်ချုပ်ခြင်းနှင့် ပတ်သက်၍  မိမိဆန္ဒ အလျောက်လိုက်နာနိုင်သော လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ပေးရန် ရည်ရွယ်ပါသည်. Governance of Tenure Technical Guide No. 8. Rome, FAO. https://doi.org/10.4060/i6381my




Related items

Showing items related by metadata.

  • Thumbnail Image
    Book (series)
    တာဝန််ယူူမှုုရှိိသောာ မြေယာစီီမံံ အုပ််ချုပ််မှုုနှင့် ဥပဒေ 2021
    အကြီးစားမြေသိမ်းယူခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး လိုအပ်ချက်တို့နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ရန် ဤနည်းပညာဆိုင်ရာလမ်းညွှန်ချက်ကို ရေးသားပြုစုခဲ့ပါသည်။ နိုင်ငံတော်အဆင့် အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာ၊ ငါးလုပ်ငန်းနှင့်သစ်တောများလုပ်ပိုင်ခွင့်ကို တာဝန်ယူစီမံအုပ်ချုပ်ခြင်းနှင့်ဆိုင်ရာ မိမိဆန္ဒ အလျောက်လိုက်နာနိုင်သော လမ်းညွှန်ချက်များနှင့်အညီ မြေယာ ရင်းနှီးမြုပ်နှံမှုအပါအဝင် စိုက်ပျိုး ရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု အခြေအနေတွင် မြေယာပိုင်ဆိုင်ခွင့်ကို မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်သင့်သည်ဟူသော စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စအဝဝအား မည်သို့ဆောင်ရွက်သင့်သည်ကို ဤလမ်း ညွှန်စာအုပ်မှ ကူညီပံ့ပိုးပြသပေးပါသည်။ ရင်းနှီးမြှုပ်နှံမှုစက်ဝန်းတွင်းရှိ အဆင့်အားလုံးရှိ ကို ထိန်းသိမ်းခြင်း၊ အတည် ပြုခွင့်ပြုပေးခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ် ငန်းများတွင် ပါဝင်ဆောင်ရွက်ကြသော အစိုးရအာဏာပိုင်များအတွက် နည်းပညာဆိုင်ရာ ထပ်ဆောင်း လမ်းညွှန်ချက်အဖြစ်လည်း ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ ဤလမ်းညွှန်စာအုပ်သည် ၂၀၁၄ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကော်မတီ (CFS) (CFS 2014) မှ အတည်ပြုထောက်ခံချက်ပေးသော စိုက်ပျိုးရေးနှင့်အစားအသောက်စနစ်များအား တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု အကောင်အထည် ဖော်ရာတွင် လိုက်နာရမည့် စည်းမျဉ်းများအတွက်ရည်ညွှန်း ကိုးကားစရာ တစ်ခုအဖြစ်လည်းဆောင်ရွက်ပေးပါသည်။
  • Thumbnail Image
    Book (series)
    မြေယာလုပ်ပိုင်ခွင့်ကို တန်ဖိုးဖြတ်သတ်မှတ်ခြင်း။
    ဤလမ်းညွှန်စာအုပ်သည် အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာ၊ ငါးလုပ်ငန်းနှင့်သစ်တောများလုပ်ပိုင်ခွင့်ကို တာဝန်ယူစီမံအုပ်ချုပ်ခြင်းနှင့် ပတ်သက်၍ မိမိဆန္ဒ အလျောက်လိုက်နာနိုင်သော လမ်းညွှန်ချက်များ နှင့်အညီ မြေယာလုပ်ပိုင်ခွင့်ကို တန်ဖိုးဖြတ် သတ်မှတ်ခြင်းအက
    2021
    ဤလမ်းညွှန်စာအုပ်တွင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် မြေယာပိုင်ဆိုင်ခွင့်ကို တန်ဖိုးဖြတ်ခြင်းနှင့် သတ်မှတ်ခြင်း များနှင့် ဆက်စပ်သော ပြဿနာရပ်များ ပါဝင်ပြီး နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော တရားမျှတပြီး၊ယုံကြည်စိတ်ချရသော ပွင့်လင်းမြင်သာမှုရှိသော အမူအကျင့်များဖြင့် တန်ဖိုးဖြတ်သတ်မှတ်ခြင်းကို မည်သို့ လုပ်ဆောင်ရမည် ဆိုသည့် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်ကို ပံ့ပိုးပေးပါသည်။ ယင်းသည် တန်ဖိုးဖြတ်ခြင်းက မည်မျှအရေးကြီး ကြောင်းရှင်းပြပြီး မည်သည့်နေရာနှင့်မည်သည့်အချိန်တွင် အသုံးချသင့်သည်၊ မည်သူကပြုလုပ်သင့်သည် စသော အချက်များကိုလည်းထည့်သွင်း ရှင်းလင်းတင်ပြထားပါသည်။ ဤစာအုပ်သည် မြေယာတန်ဖိုးဖြတ်ခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်တစ်အုပ်ဖြစ်ရန် မရည်ရွယ်ပါ။ သို့သော် မြေယာဆိုင်ရာမူဝါဒ ၊ အုပ်ချုပ်ရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နေရသောသူများနှင့် မြေယာပိုင်ဆိုင်ခွင့် ဆုံးဖြတ်ချက်များကြောင့် ခံစားသက်ရောက်မှုရှိနေသူများအကြား မြေယာ တန်ဖိုးဖြတ်သတ်မှတ်ခြင်း ပြဿနာ များနှင့် လုပ်ငန်းစဉ်များအား သတိပြုသိရှိ နားလည်မှု မြင့်မားရန်သာ ရည်ရွယ်ပါသည်။ ဤလမ်းညွှန်စာအုပ်သည် မြေယာအပေါ်တွင် အဓိကထားသော်လည်း ယင်းသည် ငါးလုပ်ငန်း၊သစ်တောလုပ်ငန်းနှင့် အခြားသဘာဝသယံဇာတအရင်းမြစ်များပါ အသုံးချနိုင်သော အသုံးဝင်သော နည်းလမ်းပိုင်းဆိုင်ရာ လမ်းညွှန်ချက်ကို လည်း ပံ့ပိုးပေးပါသည်။ ယင်းကို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် တန်ဖိုးဖြတ်သတ်မှတ် ခြင်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် အဖွဲ့အစည်းများအကြောင်း သိရှိနားလည်မှုနည်းပါသော အသွင်ကူးအပြောင်းနိုင်ငံ များအတွက် အဓိကအားဖြင့်ရည်ရွယ်ပါသည်။ ဓလေ့ထုံတမ်းအရ သို့မဟုတ် အလွတ်သဘောနှင့် တရားဝင်မဟုတ်သည့်မြေယာစနစ်များ ပါဝင်သည့်မြေယာပိုင်ဆိုင်ခွင့်များသည် ရှင်းလင်းမှုနည်းပါးပြီး တရားဥပဒေ သို့မဟုတ် စည်းမျဉ်းသတ်မှတ်ချက်များကလည်း တရားဝင်မဟုတ်ကြပါ။
  • Thumbnail Image
    Book (series)
    လုပ်ပိုင်ခွင့် အခွင့်အရေးများအား မှတ်တမ်းတင်ေန်နှင့် ပထမဆုံးအကြိမ် မှတ်ပုံတင်ေန်စနစ်တစ်ေပ် ဖန်တီးခခင်း 2021
    ဤနည်းပညာဆိုင်ရာလမ်းညွှန်သည် လက်ရှိတွင် မိမိတို့၏မြေယာလုပ်ပိုင်ခွင့်ကို စနစ်တစ်ခုဖြင့် မှတ်တမ်းတင်မထားသည့်သူများ အတွက် မှတ်တမ်းတင်ခြင်းသို့မဟုတ် စာရင်းသွင်းခြင်းများ လုပ်ဆောင်ရန် ကမ်းလှမ်းထားပါသည်။ ယင်းတွင် ပထမဦးဆုံးအကြိမ် မှတ်ပုံတင်ခြင်းဟု တစ်ခါတစ်ရံခေါ်ဝေါ်သည့် လုပ်ငန်းစဥ်သည် နိုင်ငံတော်မှ မြေယာလုပ်ပိုင်ခွင့်ကို ပထမဆုံး အကြိမ်မှတ်တမ်းတင်သည့်် စနစ်သစ်ကိုစတင် မိတ်ဆက်ပေးပြီး မြေယာလုပ်ပိုင်ခွင့်ကို မှတ်တမ်းတင်ရာတွင် လက်တွေ့ကျသောနည်းလမ်းများကို ပံ့ပိုးပေးပါသည်။

Users also downloaded

Showing related downloaded files

No results found.