Related items
Showing items related by metadata.
-
Book (stand-alone)Good agricultural practices (GAP)
Chickpea (Cicer arietinum L.)
2023Also available in:
Chickpeas are vital for food security, nutrition, and farmer income in Myanmar's Central Dry Zone (CDZ), ranking second in South Asia after India. Collaborative research efforts of the Department of Agriculture Reform and the International Crops Research Institute for the Semi-Arid Tropics (DAR-ICRISAT) have contributed to an eightfold increase in crop yield due to the introduction of more efficient varieties of chickpea in the country. Good agricultural practices (GAP) and value chain promotion of chickpea have significant potential which can further boost productivity and increase exports. The upgraded GAP standards of chickpea are inclusive of food safety, produce quality, worker health and safety, and environmental management aspects, as they were developed in a context-specific and participatory manner encompassing validation from farmers about the existing constraints in application of GAP.Dissemination and improved application of chickpea GAP is planned to be achieved through a comprehensive capacity-building programme of chickpea smallholder farmers, public–private partners, and value chain actors, at pre- and post-harvest levels. Strengthening lead farmers and crop producers’ organizations through technical support, improved demonstration and market linkages will leverage the objectives of GAP adoption and upscaling in the target regions. On-farm demonstrations, farmer field schools (FFS), training, and information and communications technology (ICT) tools will supplement GAP promotional interventions. User-friendly integrated pest management (IPM) handbooks and FFS curricula support farmers and existing GAP initiatives will foster the approach of climate-smart good agricultural practices at farmers' field level and will ensure the sustainability of farmers' income through increased productivity, product market competence and produce quality. -
Book (stand-alone)စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ
စပါးသီးနှံ
2023Also available in:
ယခု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများသည်နှမ်းစိုက်ပျိုးထုတ်လုပ်ရာတွင်Myanmar GAP ၊ ASEAN GAP တို့နှင့်အညီ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ သီးနှံများ၏အရည်အသွေးနှင့် လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လူမှုဘဝ သာယာရေးကဏ္ဍများ ပါဝင်ပါသည်။ ရည်ရွယ်ချက်မှာ အရည်အသွေးကောင်းပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် နှမ်းကုန်ကြမ်းနှင့် ကုန်ချောစိုက်ပျိုးထုတ်လုပ်မှုနှင့် စီမံဆောင်ရွက်မှု စံနှုန်းများကို ထည့်သွင်း စဉ်းစားရန် ဖြစ်ပါသည်။ ဤစံသတ်မှတ်ချက်သည် Myanmar GAP guidelines, 2018 နှင့် ASEAN GAP သတ်မှတ်ချက်တို့ ပြည့်စုံစွာ ဖြည့်စွက်ဖော်ပြထားပါသည်။ GAP စံသတ်မှတ်ချက်သည် စပါးစိုက်ပျိုးမှု နည်းလမ်းများ ပြည့်စုံစွာပါဝင်သော လုပ်ငန်းမှတ်တမ်းဖြစ်ပါသည်။ စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်နည်းစနစ်ကို မြန်မာနိုင်ငံ၌ မိုးစပါးတွင် ၄၉ %၊ နွေစပါး ၇၈ % ရှိကြောင်း တွေ့ရှိရပါသည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း များ၏ အဓိက ဦးတည်ချက်မှာ အစားအစာများ ဘေးအန္တရာယ် ကင်းရှင်း ရေး ဖြစ်ပါသည်။ ကွဲပြားသော ဒေသများနှင့် စိုက်ပျိုးဂေဟစနစ်တို့၌ စပါးစိုက်ပျိုးထုတ်လုပ်ရာ၌ လိုအပ်မှုများ တူညီမှုမရှိနိုင်ပါ။ မတူညီသော ရေမြေရာသီဥတု အနေအထားအလိုက် စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် ကွဲပြားခြားနားသော ရာသီဥတု၊ စိုက်ချိန်၊ မြေအမျိုးအစားအလိုက် စပါးစိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များကြောင့် အပူပိုင်းဇုံဒေသ အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ် တစ်ခုတည်းကို အလေးထား ဆောင်ရွက်၍ မဖြစ်နိုင်ပါ။ ပျိုးသက်နု ကောက်ကွက်ကြဲ စပါးစိုက်ပျိုးနည်းစနစ် (SRI) ကို မြန်မာနိုင်ငံတွင် စတင် ဆောင်ရွက်နေသော်လည်း အပင်ပြုစု စောင့်ရှောက်မှုလုပ်ငန်းများ ဂရုတစိုက် ဆောင်ရွက်ရခြင်း နှင့် တောင်သူများ လိုက်နာဆောင်ရွက်နိုင်မှု အကန့်အသတ်ရှိခြင်းတို့ကြောင့် တောင်သူများအကြား ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်မှုမရှိပါ။ ကနဦးအဆင့်ရှိသော်လည်း ယေဘုယျအားဖြင့် တောင်သူ အဆင့်၌ လိုက်လျောညီထွေမှု မရှိသေးပါ။ အဓိက စပါးစိုက်တောင်သူများ၏ စွမ်းဆောင်ရည် အကန့်အသတ် ရှိနေခြင်းနှင့် သီးနှံစိုက်ပျိုးမှု၌ အသေးစိတ် စီမံမှုအချက်အလက် များကြောင့်ဖြစ်ပါသည်။ ဤနည်းလမ်းသည် ခေတ်မီနည်းပညာရပ် တစ်ခုဖြစ်ပြီးပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိစေမည့် စပါး စိုက်ပျိုးရေး၌ အထောက်အကူဖြစ်ရန် လိုအပ်ပါသည်။ လောလောဆယ်အနေဖြင့် ဤနည်းပညာကို စိုက်ပျိုးရေးဦးစီးဌာနမှ တိုးမြှင့် လုပ်ဆောင်လျှက်ရှိပါသည်။ -
Book (stand-alone)စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ
ပဲတီစိမ်းသီးနှံ (Vigna radiata [L.] Wilczek)
2024Also available in:
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိပဲမျိုးစုံထုတ်လုပ်သည့်နိုင်ငံများအနက် အိန္ဒိယနှင့် ကနေဒါပြီးလျှင် တတိယ နေရာတွင်ရှိသည်။ မြန်မာနိုင်ငံသည် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲ အစရှိသည့် ပဲမျိုးပေါင်းများစွာကို ထုတ်လုပ်လျက်ရှိသည်။ ပဲမျိုးစုံသီးနှံများအနက် ပဲတီစိမ်းတင်ပို့မှုသည် စုစုပေါင်းပဲတင်ပို့မှု၏ သုံးပုံတစ်ပုံ ခန့်ရှိပါသည် (World Bank, 2019) ။ ပိုမိုကောင်းမွန်ဆန်းသစ်သော သီးနှံထုတ်လုပ်မှုနည်းပညာများနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)ကို လက်ခံကျင့်သုံးခြင်းဖြင့် သီးနှံထုတ်စွမ်းနိုင်စွမ်းအား၊ အရည်အသွေးနှင့် စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းနှင့် ပြည်ပတင်ပို့မှု မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။GAP စိုက်ပျိုးနည်းစနစ်အများစုသည် သဘာဝအတိုင်းတည်ရှိသည့် စိုက်ပျိုးရေးနှင့် ဆက်နွယ်သော ဂေဟဗေဒ စနစ်နှင့် ဘိုးဘွားအစဉ်အဆက် လက်ခံကျင့်သုံးခဲ့သည့် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာဗဟုသုတနှင့် အလေ့အကျင့်များအပေါ် အခြေခံသောကြောင့် အရင်းအနှီးချို့တဲ့သော လုပ်ကွက်ငယ် တောင်သူများအနေဖြင့် ရရှိနိုင်သမျှ လယ်ယာအရင်းအမြစ်များကို အသုံးပြု၍ GAP စံနှုန်းများကို လွယ်ကူစွာလိုက်နာကျင့်သုံးနိုင် မည်ဖြစ်ပါသည်။ အရည်အသွေးကောင်းမွန်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကင်းသည့်မျိုးစေ့နှင့် ဓာတ်မြေဩဇာကဲ့သို့သော စိုက်ပျိုးရေးသွင်းအားစုများကိုရွေးချယ်၍ စနစ်တကျမှန်ကန်စွာ အသုံးပြုပါက အကန့်အသတ် ရှိသော လယ်ယာအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲနိုင်မည်ဖြစ်ပါသည်။ အစားအစာအရည်အသွေး၊ ဘေးကင်းမှုနှင့် စျေးကွက်ယှဉ်ပြိုင်မှုကြီးထွားလာမှုအပေါ် စားသုံးသူများ၏ သတိပြုမှုမြင့်တက်လာသည့်ခေတ်တွင် လယ်ယာလုပ်ငန်းစွမ်းဆောင်ရည်နှင့် အရင်းအမြစ်ထိန်းသိမ်းမှု နည်းလမ်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဘေးကင်းပြီး အရည်အသွေးကောင်းမွန်သောအစားအစာများ ထုတ်လုပ်ရန်လိုအပ်လာပြီဖြစ်ပါသည်။ တောင်သူအစုအဖွဲ့များထိရောက်စွာဖွဲ့စည်းခြင်းဖြင့် ပဲတီစိမ်း စိုက်ပျိုး ထုတ်လုပ်သူအစုအဖွဲ့များ အားကောင်းလာစေရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် စီမံကိန်း အထောက် အပံ့ဖြင့် စျေးကွက်ရရှိရေး ပံ့ပိုးကူညီမှုများသည် ရေရှည်တည်တံ့သောကုန်ထုတ်စွမ်းအား၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သယံဇာတ ရေရှည်တည်တံ့ ခိုင်မြဲရေးတို့အတွက် အလွန် အရေးကြီးပါသည်။FAO-GAFSP-CFAVC အစီအစဉ်ဖြင့် ပဲတီစိမ်းအပါအဝင် သီးနှံ (၅)မျိုး အတွက် GAP နည်းပညာပြန့်ပွားရေး ဆောင်ရွက်ရာတွင် မြန်မာနှင့် အာဆီယံ GAP စံနှုန်းများကို အခြေခံ၍ လက်ရှိ GAP စံနှုန်းများကို မြှင့်တင် ပေးနိုင်ရန်ဖြစ်ပါသည်။ ယခု ပဲတီစိမ်း GAP တွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သီးနှံများ၏ အရည်အသွေးနှင့် လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝ သာယာရေးကဏ္ဍများ ပါဝင်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများအား လက်တွေ့ ဆောင်ရွက်ခြင်း ဖြင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး၊ သီးနှံအရည်အသွေး ကောင်းမွန်ရေးနှင့် စီမံကိန်း ဧရိယာအတွင်း ဂေဟစနစ်ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ပါ သည်။လယ်သမားများ၏ အသိပညာ၊ သွင်းအားစု ရယူသုံးစွဲနိုင်မှုနှင့် သွင်းအားစုများကို ထိရောက်စွာ အသုံးချ နိုင်မှုဆိုင်ရာ လက်ရှိကွာဟချက်များ၊ စိုက်ခင်းနှင့်စျေးကွက်တွင် GAP သီးနှံများ၏ အရည်အသွေးမြှင့်တင်ရေး ပညာပေးလုပ်ငန်းများအပေါ် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ ပါသည်။ ပဲတီစိမ်းသီနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအား ကိန်းဂဏန်း အချက်အလက်များ၊ လက်ရှိ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအပေါ် ကွင်းဆင်းလေ့လာ ဆန်းစစ်မှုများ၊ ပါဝင်ပတ်သက်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများနှင့် ၎င်းတို့၏ လက်တွေ့ကျသော အကြံပြုချက်များကို အခြေခံအချက်အလက်များအဖြစ် စုစည်းပြီး အဆင့်မြှင့်တင် ဆောင်ရွက် နိုင်ရေး ရည်ရွယ် ပြုစုခဲ့ခြင်းဖြစ်ပါသည်။စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးမှုပြန့်နှံ့ရေး ဆောင်ရွက်ရာတွင် ပဲတီစိမ်း စိုက်ပျိုးသူ တောင်သူအဖွဲ့အစည်းများ၊ အစိုးရပုဂ္ဂလိကမိတ်ဖက်အဖွဲ့အစည်းများ၊ တန်ဖိုးကွင်းဆက် လုပ်ငန်းတစ်လျောက် ပါဝင်ပတ်သက်သူများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းများ ပါဝင်ပါသည်။ ယခု ပဲတီစိမ်း GAPတွင် ဘေးအန္တရာယ်ကင်းပြီး အရည်အသွေးကောင်းမွန်သော ပဲတီစိမ်းသီးနှံ ထုတ်လုပ်နိုင် ရေးအတွက် မရိတ်သိမ်းမီနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ၊ ပိုင်ဆိုင်မှုအလယ်အလတ်နှင့် ပိုင်ဆိုင်မှု နည်းသော တောင်သူများ လွယ်လင့်တကူလိုက်နာဆောင်ရွက်နိုင်မည့် အဓိကကျသောနည်းပညာဆိုင်ရာ အချက်အလက်များ ပါဝင်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ နည်းပညာပြန့်ပွားရေး ဆောင်ရွက်ရာတွင် ထုတ်လုပ်သူ တောင်သူလယ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ နည်းပညာအကူအညီ ပေးခြင်းနှင့် ပြုလုပ်ပညာပေးခြင်း၊ စျေးကွက်ချိတ်ဆက် ဆောင်ရွက်မှုများအပြင် ကွင်းသရုပ်ပြကွက်များ၊ လယ်သမား ကွင်းသင်တန်းကျောင်းများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာနည်းပညာများ (ICT နည်းပညာများ) ကိုလည်း အားဖြည့်သုံးစွဲရန်လိုအပ်မည်ဖြစ်ပါသည်။ GAP နည်းစနစ်လိုက်နာကျင့်သုံးသော တောင်သူလယ်သမားများ အတွက် အထောက်အကူဖြစ်စေမည့် သီးနှံအလိုက် ဘက်စုံသီးနှံစီမံခန့်ခွဲရေး (IPM) လက်စွဲစာအုပ်များနှင့် FFS သင်ရိုးညွှန်းတမ်းများကိုလည်း ပူးတွဲဖော်ပြထားပါသည်။
Users also downloaded
Showing related downloaded files
No results found.